ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ငွေကျပ်သိန်းနှစ်ထောင် ပေးအပ်လှူဒါန်းမှုသတင်း

8_Pic_01

ဒီဇင်ဘာ ၇၊ နေပြည်တော်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang နှင့်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် ငွေကျပ် သိန်းနှစ်ထောင်အား ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေး ခန်းမတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့ပါသည်။
တရုတ်သံအမတ်ကြီးက ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး လုပ်ငန်းတွင်  Cash for Work Program ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ် အား ကြိုဆိုထောက်ခံပါကြောင်း၊ ယခင် Assembled Board Houses  အလုံး(၁၁၀၀) ကိုလည်း လှူဒါန်းထားပြီး ဖြစ်ပါကြောင်းနှင့် ပြန်လည်လက်ခံရေးလုပ်ငန်းများတွင် အသုံးပြု ဆောင်ရွက်နိုင်ရန်အတွက် Truck ကားများကိုလည်း ဆက်လက်လှူဒါန်းသွားရန်ရှိ ပါကြောင်း နှင့် နိုင်ငံတကာစာမျက်နှာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ခိုင်ခိုင်မာမာဆက်လက် ရပ်တည်ပေးသွားမည်ဖြစ်ပါကြောင်းတို့ကို ပြောကြားခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးက ယခုလိုလှူဒါန်းပေးသော တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို များစွာကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံဘက်မှ အမြဲထောက်ခံရပ် တည်ပေးနေခြင်းကိုလည်း လွန်စွာဝမ်းမြောက် ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက် လျက်ရှိသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များအပြင်  လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင်လည်း လိုအပ်သောကူညီပံ့ပိုး မှုများကို ဆက်လက်ကူညီပေး သွားမည်ဆိုသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ပြည်သူများ အားလုံး နှစ်သစ်တွင် ကျန်းမာရွှင်လန်းပါစေရန်ဆန္ဒပြုပါကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက လှူဒါန်းငွေကျပ် သိန်းနှစ်ထောင်ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
#npw_dec2018
Source:  MSWRR

Sign Up

Upcoming Events