သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြလေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

8_Pic_01 8_Pic_02 8_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၂.၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု၊ စက်ဆန်း ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (စက်ဆန်း)တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြ လေ့ကျင့်ခြင်း အစီအစဉ်ကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးမှ အဖွင့်အမှာစကား ပြောကြားကာ ဟောပြောပွဲကိုစတင်ကျင်းပခဲ့ရာ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ပထမပိုင်းအစီအစဉ်များ ရပ်နားခဲ့ပါသည်။ နေ့လည် (၁း၀၀)နာရီအချိန်တွင် သရုပ်ပြလေ့ကျင့်ခြင်းအစီအဉ်ကို ဆက်လက်ကျင်းပ ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ရပ်မိ/ဖများ၊ကျေးရွာပြည်သူ့စစ်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ကျေးရွာသူ/သားများ၊ကျေးရွာမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ကျေးရွာအမျိုးသမီးရေးရာအဖွဲ့၊ ကျောင်းအုပ် ဆရာမကြီးနှင့်ဆရာ/ မများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၇၀၀) ခန့်ဖြင့် အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#simex_eqk
#ayy_dec2018
Source:   ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events