School Cum Shelter အားသွားရောက်ကြည့်ရှုခြင်းနှင့် သဘာဝဘေး အသိပညာပေး ဟောပြောမှုသတင်း

6 Pic 03 6 Pic 04 6 Pic 05လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ ညောင်ပိတ်ကျေးရွာ၌ (၆-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ခွင့်ပြုငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် School Cum Shelter အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များဖြင့် ဆောက်လုပ်ပြီးစီးမှုအခြေအနေကို သွားရောက် စစ်ဆေးခဲ့ပါသည်။ အဆိုပါဒေသသည် ပင်လယ်ပြင်နှင့် ထိစပ်နေကာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးခံခဲ့ရသော ဒေသဖြစ်သည့်အပြင် လက်ရှိတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံရလွယ်မှု အခြေအနေ အမြင့်ဆုံးအနေအထားတွင် ရောက်ရှိနေသောကြောင့် အရေးပေါ်အခြေအနေတွင် အဓိက ခိုလှုံနိုင်မည့် အဆောက်အဦအဖြစ် School Cum Shelter အားဆောက်လုပ်ပေးခြင်းဖြစ်သည်။ ဆက်လက်၍ အခြေခံပညာမူလတန်းလွန်ကျောင်း အ.မ.က (ညောင်ပိတ်) ၌ သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ရာ ကျောင်းသား/သူများ၊ ကျေးရွာသူ/သား၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ စုစုပေါင်း (၆၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#otr

#ayy_dec2018

 

 

 

Sign Up

Upcoming Events