အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေရေး အလုပ်ရုံဆွေးနွေးပွဲ (Strengthening Emergency Operation Center (EOC)’s Function Workshop) ကျင်းပပြုလုပ်မှုသတင်း

7_Pic_01 7_Pic_02 7_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် USAID နှင့် ပူးပေါင်း၍ (၇-၁၂-၂၀၁၈)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွက် သင်္ဂဟဟိုတယ်၊ နေပြည်တော်တွင် “အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏ လုပ်ငန်းစွမ်းဆောင် ရည် တိုးတက်ကောင်းမွန်စေရေးအလုပ်ရုံဆွေးနွေးပွဲ” အားကျင်းပပြုလုပ်ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူး ချုပ်မှ အဖွင့်အမှားစကားပြောကြားခဲ့ပြီး မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်တိုင်းဒေသ ကြီးဦးစီးမှူးရုံး၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ချင်းပြည်နယ်ဦးစီးမှူးရုံး၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ USAID နှင့် ADPC တို့အပါအဝင် စုစုပေါင်း လူဦးရေ (၄၀) ဦးဖြင့် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။  အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကျင်းပ ပြုလုပ်ရခြင်းမှာ အရေးပေါ်အခြေအနေ၌ ဘေးတုံ့ပြန်ရေး စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး အရေးပေါ်အခြေအနေစီမံခန့်ခွဲ မှုလုပ်ငန်းများ တွင် ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များ၊ လုပ်ငန်းဆောင်တာများ၊ တာဝန်ဝတ္တရားများအားနားလည်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများကို နိုင်ငံတကာစံနှုန်း များနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်သတ်မှတ်ကာ ပိုမိုထိရောက်စွာဆောင်ရွက်စေနိုင် မည့် အခွင့်အလမ်းများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံတွင် သဘာဝဘေးအရေးပေါ်အခြေ အနေတစ်ခုဖြစ်ပေါ်လာပါက လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်သည့် EOC တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အခြေခံလုပ်ငန်း စံသတ်မှတ်ချက် (SOP) တစ်ခု သတ်မှတ်နိုင်ရန်၊ EOC လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် အကြံပြုချက်များ၊ ရှေ့လုပ်ငန်းစဉ်များအား ဖော်ထုတ်သတ်မှတ်နိုင်ရန် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား (၇-၁၂-၂၀၁၈)ရက်နေ့မှ (၈-၁၂-၂၀၁၈) ရက်နေ့အထိ (၂)ရက်တာ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

#otr
#npw_dec2018
Source:    EOC

Sign Up

Upcoming Events