School Cum Shelter တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်း

6 Pic 01
6 Pic 02
================================================
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈) ရက်နေ့တွင် အမာမြို့၊ ဘဝသစ်‌‌ကျေးရွာအုပ်စု၊ ဂေါ်ဒူ‌ကျေးရွာ၌ သဘာဝ‌ဘေးအန္တရာယ်‌ဖြစ်ပွားပါက အ‌ရေး‌ပေါ်ခိုလှုံရာစခန်‌းအဖြစ် အသုံးပြုနိုင်ရန်နှင်‌့ သာမန်အချိန်များတွင် စာသင်‌‌ကျောင်‌းအဖြစ် အသုံးပြုနိုင်ရန် School Cum Shelter (၁)လုံးကို အမျိုးသားသဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံ‌ငွေဖြင်‌့ တည်‌‌ဆောက်ခဲ့ရာ ယခုအချိန်တွင် ၁၀၀% ပြီးစီးပြီဖြစ်ပါသဖြင်‌့ တိုင်‌း‌ဒေသကြီးအမှတ်(၂)လွှတ်‌‌တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်‌း‌ဇော်၊ မြို့နယ်တည်‌‌ဆောက်‌‌ရေးကြီးကြပ်မှု‌ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်‌းဆင်‌းစစ်‌‌ဆေးမှုများပြုလုပ်ခဲ့ပါသည်။
 
ယင်‌း School Cum Shelter ပြီးစီးပါက ဂေါ်ဒူ‌ကျေးရွာရှိ အိမ်‌‌ထောင်စု (၁၁၈) စုမှ လူဦး‌ရေ (၅၀၀) ‌ကျော်သည်သဘာဝ‌ဘေးနှင်‌့ကြုံ‌တွေ့ပါက ခိုလှုံရာစခန်‌းအဖြစ် အသုံးပြုနိုင်ပြီး ကျောင်‌းသူ‌ကျောင်‌းသားများအတွက် အလယ်တန်‌းအဆင်‌့စာသင်‌‌ကျောင်‌းအဖြစ် အသုံးပြုနိုင်မည်‌ဖြစ်ပါသည်။ ဂေါ်ဒူ‌ကျေးရွာသည် ပင်လယ်နှင်‌့အနီးဆုံး ထိစပ်‌‌နေပြီး သဘာဝ‌ဘေးအန္တရာယ်ထိခိုက်လွယ်‌‌သော‌နေရာဖြစ်၍ ယခု တည်ဆောက်ပြီးစီးသည့် Shelter သည် ကျေးရွာအတွက် အထူးလိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events