Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အာရှဖွံ့ဖြိုးရေးဘဏ်၏ အရှေ့တောင်အာရှဆိုင်ရာ ဌာနမှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံမှု သတင်း
ဒီဇင်ဘာ ၁၂၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အာရှဖွံ့ဖြိုးရေး ဘဏ် Asian Development Bank (ADB) ၏ အရှေ့တောင်အာရှဌာနမှ Deputy Director General Ms. F. Cleo Kawawaki ဦးဆောင် သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၏ မေခလာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထို့သို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး၍ ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံဘက်မှ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
================================================= Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၈) ရက်နေ့တွင် အင်းတော်မြို့နယ်၊ နတ်ရေတွင်းကျေးရွာ အလယ်တန်းကျောင်းခွဲ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာမေးခွန်းများ မေးမြန်း၍ ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်ခြင်း
================================================= Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၈) ရက်နေ့တွင် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ခန်းမ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအား ဖွင့်လှစ်ခဲ့ရာ ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၅၀) ဦးခန့်ပါဝင်တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းအား (၁၀-၁၂-၂၀၁၈) ရက်နေ့မှ (၁၄-၁၂-၂၀၁၈) ရက်နေ့ထိ (၅) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
-
ငလျင်ဘေးနှင်အခြား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှု သတင်း
(၁၁.၁၂.၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီ မှ (၁၅:၀၀) နာရီအထိ အမှတ် (၁) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (တုံတာ) ကျောင်းတွင် တက်ရောက်သူ ဆရာ/မနှင့်ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၉၀) ဦးအား ငလျင်ဘေးနှင့်အခြားသဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်၊ ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ တုံတာမြို့ မီးသတ်ဦးစီးဌာနမှလည်း မီးဘေးအန္တရာယ် … Read more
-
သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အ.ထ.က(ခွဲ) သဗြုချောင်၌ (၁၂-၁၂-၂၀၁၈) ရက်နေ့၊ (၁၀:ဝဝ) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၂၅၀) ဦးခန့်နှင့် အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ ရပ်မိ/ရပ်ဖ (၅ဝ) ဦး၊ စုစုပေါင်းအင်အား (၃၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှခြင်း၊ ကျောင်းအတွင်း နံရံကပ်ပိုစတာများကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
================================================= Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီမှ (၁၂း၃၀) နာရီအထိ မော်လိုက်မြို့နယ်၊ တိန်းသာကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအလယ်တန်းကျောင်း၌ ပြုလုပ်သော သစ္စာစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားတွင် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သား၊ ကျောင်းသူ/သား စုစုပေါင်း(၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင် အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး၊ ဦးသန့်ဇော်မောင်နှင့် ဒုတိယဦးစီးမှူး၊ ဒေါ်သန္တာဦးသည် (၁၁-၁၂-၂၀၁၈) ရက်နေ့တွင် အင်းတော်မြို့နယ်၊ မော်လူးမြို့ အထက်တန်း ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၆၅၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ ဘေးအန္တရာယ်ဆိုင် ရာမေးခွန်းများမေးမြန်း၍ ဖြေဆိုနိုင်သည့် ကျောင်းသား/သူ များအား စာရေးကိရိယာ များချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ==================================================== “ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာ တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းရပါသည်။”
-
သဘာဝဘေးအန္တရာယ်ဆိုင် အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံး၊ မိုးညှင်းမြို့မှ တာဝန်ရှိသူများသည် (၁၁- ၁၂ -၂၀၁၈)နေ့တွင် မိုးညှင်းမြို့၊ မိုးညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊ အ.ထ.ကကျောင်း၌ နံနက် ( ၁၀း၃၀)အချိန်တွင် ကျောင်း သားကျောင်းသူ (၂၃၀)ဦးတို့အား လည်းကောင်း ပင်းဟဲကျေးရွာ၊ အ.ထ.က(ခွဲ)ကျာင်း၌ (၁၄း၃၀)အချိန်တွင် ကျောင်းသား/ကျောင်းသူ (၂၄၀)ဦးတို့အား သဘာဝဘေးအသိ ပညာပေးဟောပြောပွဲများသွားရောက်ပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_dec2018 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင် အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၈)ရက်နေ့၊ (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊အထက(၂)ကျောင်းရှိ ကျောင်းသူ/ကျောင်းသား (၃၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ပေးကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)









