Category Archives: News
-
မီးဘေးသင့် ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိုင်မြို့နယ်၊ အင်းရောင်းကျေးရွာအုပ်စု၊ အင်းရောင်းကျေးရွာ တောင်ဘက်ရှိ သနပ်ခါးခြံအတွင်း၌ (၃၀-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၃-၁၂-၂၀၁၈) ရက်နေ့တွင် အထွေထွေ … Read more
-
မီးလောင်မှုကြောင့် သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၈) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ နတ်မှော်ကျေးရွာအုပ်စု၊ ကျုံကိုင်းကျေးရွာ၌ ညအိပ်ပျော်နေစဉ် အိပ်ယာအနီးတွင်ထွန်းထားသော ဖယောင်းတိုင်မီး လဲကျရာမှ ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် သေဆုံးသူဒေါ်ရှောင်မူး (ခ) ဒေါ်လှ၊ အသက် (၇၈) နှစ်၊ (ဘ) ဦးအဖူးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား ၎င်း၏သားဖြစ်သူထံသို့ (၃-၁၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mon_dec2018
-
အခြေခံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၁၂.၂၀၁၈) ရက်နေ့(၀၉:၀၀)နာရီတွင် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ “အခြေခံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း”ဖွင့်ပွဲအခန်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဦးစီးမှူး (ဘစမ) က အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်း ဖွင့်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၂၅) ဦးတက်ရောက်ပြီး ရေနံချောင်းမြို့နယ်အတွင်းမှ သင်တန်းသား/သူ (၅၀) ဦးတို့ တက်ရောက်ခဲ့ရာ သင်တန်းကာလမှာ (၃.၁၂.၂၀၁၈) ရက်နေ့မှ (၇.၁၂.၂၀၁၈) ရက်နေ့အထိ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၁၂.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ဆီဆိုင်မြို့နယ် အ.ထ.က နောင်မွန်ကျောင်း၌ သဘာဝဘေး အသိပညာပေးဟော ပြောကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ(၄ဝဝ)ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွား လာ မှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြော ခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်း လက်ကမ်းစာစောင်များပေးဝေခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦး ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ်၊ ကျီရာပြင် ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဌာနမှ တာဝန် ရှိသူများမှ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေးနှင့် မိုးကြိုးဘေးများအပါအဝင် သဘာဝဘေးများနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသူ/ကျောင်းသားများနှင့် ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား ဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ကျေးရွာမှ … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦး ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၂-၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ် ကျောက်ကျပ် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း (၁-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာ ဘုန်းကြီးကျောင်း၌လည်းကောင်း သဘာဝဘေးလျော့ပါးရေးအသိပညာ ပေးဟောပြောပွဲ များပြုလုပ်ခဲ့ရာ ဌာနမှတာဝန်ရှိသူများမှ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေးနှင့် မိုးကြိုးဘေးများအပါအဝင် သဘာဝဘေးများ နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသူ/ကျောင်းသားများနှင့် ကျေးရွာသူ/ ကျေးရွာသား … Read more
-
ဖျာပုံမြို့နယ်အတွင်း ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၈)ရက်နေ့တွင်ဖျာပုံမြို့နယ်၊ မြို့ကုန်းကျေးရွာ အုပ်စု၊ ဘုရားကုန်းကျေးရွာတွင်ကျေးရွာမီးလင်းရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လှူဒါန်းထားသည့် မီးစက်ဖြင့်ကျေးရွာတစ်ရွာလုံး မီးဖြန့်ဝေအသုံးပြုနေရာမှပျက်သွားခြင်းကိုပြုပြင်ရန်ထောက်ပံ့ငွေကျပ် (၄၀၀,၀၀၀) တိတိအား ဘုရားကုန်းကျေးရွာမီးလင်းရေးကော်မတီအဖွဲ့သို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများရှေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ayy_dec2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်(၃၀-၁၁-၂၀၁၈) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ နတ်စဉ်ကျောင်းစုကျေးရွာအုပ်စု၊ နတ်စဉ်ကျောင်းစု ကျေးရွာတွင် (၁၃-၁၁-၂၀၁၈)ရက်နေ့၌ မီးဘေးဖြစ်ပွားခဲ့သည့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၁)စုမှလူဦးရေ (၈) ဦးအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်တို့ကို ကျိုက်လတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ရှိသူ များ၏ရှေ့မှောက်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #ayy_dec Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ လမ်းခွကျေးရွာအုပ်စု၊ နတ်ရေတွင်းကျေးရွာ၌ (၂၉-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်နှင့် Family Kits (၁) ပုံးတို့အား (၂၉-၁၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir #sgg_dec2018
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ လုပ်ငန်းခွင်ဝင် မိခင်များ၏ ကလေးသူငယ်များအား စနစ်တကျစောင့်ရှောက်ရေး ဆွေးနွေးဆောင်ရွက်မှုသတင်း
ဒီဇင်ဘာ ၁၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူ ကျောက်ဖြူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောကလေး အသက် (၂) နှစ်အထိ ငွေကြေး ထောက်ပံ့ခြင်းနှင့် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်း မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေး ဆွေးနွေးညှိနှိုင်း ထောက်ပံ့ခြင်းများဆောင်ရွက်ခဲ့ပါသည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက် ပိုင်းက ယပ်လှဲကျောင်းတိုက်သို့သွားရောက်၍ နိုင်ငံတော် သံဃ မဟာနာယကအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာတော်ကြီးကို သွားရောက်ဖူးမျှော်ကြည်ညိုပြီး သင်္ကန်နှင့် … Read more









