
=================================================
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၈) ရက်နေ့တွင် အင်းတော်မြို့နယ်၊ နတ်ရေတွင်းကျေးရွာ အလယ်တန်းကျောင်းခွဲ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာမေးခွန်းများ မေးမြန်း၍ ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။