သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောမှုသတင်း

12 Pic_01 12 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အ.ထ.က(ခွဲ) သဗြုချောင်၌ (၁၂-၁၂-၂၀၁၈) ရက်နေ့၊ (၁၀:ဝဝ) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၂၅၀) ဦးခန့်နှင့် အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ ရပ်မိ/ရပ်ဖ (၅ဝ) ဦး၊ စုစုပေါင်းအင်အား (၃၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှခြင်း၊ ကျောင်းအတွင်း နံရံကပ်ပိုစတာများကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#mon_dec2018

 

Sign Up

Upcoming Events