(၁၁.၁၂.၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီ မှ (၁၅:၀၀) နာရီအထိ အမှတ် (၁) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (တုံတာ) ကျောင်းတွင် တက်ရောက်သူ ဆရာ/မနှင့်ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၉၀) ဦးအား ငလျင်ဘေးနှင့်အခြားသဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်၊ ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ တုံတာမြို့ မီးသတ်ဦးစီးဌာနမှလည်း မီးဘေးအန္တရာယ် အကြောင်း ဟောပြောဆွေးနွေးပြီး လက်တွေ့သရုပ်ပြခြင်း၊ လက်တွေ့ ပါဝင်ဆောင်ရွက်စေခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#shn_dec2018
Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)