
=================================================
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၈) ရက်နေ့တွင် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ခန်းမ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအား ဖွင့်လှစ်ခဲ့ရာ ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၅၀) ဦးခန့်ပါဝင်တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းအား (၁၀-၁၂-၂၀၁၈) ရက်နေ့မှ (၁၄-၁၂-၂၀၁၈) ရက်နေ့ထိ (၅) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။