ဒီဇင်ဘာ ၁၂၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အာရှဖွံ့ဖြိုးရေး ဘဏ် Asian Development Bank (ADB) ၏ အရှေ့တောင်အာရှဌာနမှ Deputy Director General Ms. F. Cleo Kawawaki ဦးဆောင် သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၏ မေခလာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး၍ ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံရေး အဆင်သင့်ဖြစ်နေမှုများ၊ ကုလသမဂ္ဂအဖွဲ့အစည်း များ ဖြစ်သော UNDP ၊ UNHCR တို့နှင့် နားလည်မှု စာချွန်လွှာရေးထိုး ဆောင်ရွက်နေမှုများတို့အပြင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့ကိုပါ ဖိတ်ကြား၍ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင်ပါဝင်နိုင်ရေး ဆောင်ရွက် နေမှုများ၊ နေရပ်စွန့်ခွာသူများအားလက်ခံပြီး နောက်နေအိမ်ဆောက်လုပ်ခြင်း၊ Cash for Work စီမံချက်များ၊ အသက်မွေး ဝမ်းကျောင်း သင်တန်းများ လုပ်ငန်းများအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဝန်ဆောင်မှုများပေးနိုင်ရန် UEHRDစီမံကိန်း ဖွဲ့စည်း၍ ဆောင်ရွက် နေမှုများနှင့် ADB မှ ပူးပေါင်းပါဝင်ရေးကိစ္စရပ်များ၊ အဓိကအကြောင်းအရာများဖြစ်သည့် လွတ်လပ်စွာလှုပ်ရှား သွားလာခွင့်နှင့် နိုင်ငံသားဖြစ် ခွင့်တို့အတွက် နိုင်ငံတော်မှ ဆောင်ရွက်နေမှုများ၊ မတူညီသည့် အသိုက်အဝန်းနှစ်ခုကြား လူမှုသဟဇာတမျှတရေးအတွက် စကားဝိုင်းဆွေးနွေး မှုများ၊ အမျိုးသမီးစင်တာများမှတဆင့် ဆောင်ရွက်နေမှုများ၊ ADB နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရာသီဥတုပြောင်းလဲမှု ဘေးလျော့ပါးရေး လုပ်ငန်းများနှင့် ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်မှု လုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_dec2018
Source: MSWRR