Category Archives: News
-
မြဝတီခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၄-၁၂-၂၀၁၈) ရက်နေ့၊ (၀၉၃၀)နာရီအချိန်၌ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြေပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
မြဝတီခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၄-၁၂-၂၀၁၈) ရက်နေ့၊ (၁၂၃၀)နာရီအချိန်၌ မြဝတီမြို့၊ ကော့ကော်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြေပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ADPC Myanmar Office မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံမှုသတင်း
၁၇ ဒီဇင်ဘာ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Asian Disaster Preparedness Centre (ADPC) Myanmar Office ဦးဆောင်သည့် Myanmar Preparedness Task Force အဖွဲ့ဝင်များအား နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် ADPCနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနတို့အကြားနားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး၍ ဆောင်ရွက်လျက်ရှိသော သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးလျော့ပါးရေးဆိုင်ရာ ကိစ္စရပ်များ၊ Myanmar Action … Read more
-
အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ ဒုတိယ အကြိမ်အစည်းအဝေးကျင်းပမှုသတင်း
ဒီဇင်ဘာ ၁၇၊ နေပြည်တော် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြု လုပ်ရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုလိုအပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အမြတ်သေချာမည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြကြောင်း၊ ရင်းနှီးမှု၏ ရလဒ်အကျိုးအမြတ် အသီးအပွင့်များကို ဖွံ့ဖြိုးမှုအဖြစ်ပြည်သူများ ခံစားရ ကြောင်း၊ … Read more
-
သဘာဝဘေးလျော့ပါးရေးအခြေခံသင်တန်း (၁/၂၀၁၈) ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ သည် ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ (၁၇-၁၂-၂၀၁၈)ရက်နေ့၊ နံနက်(၀၉း၀၀)အချိန်တွင် သဘာဝဘေးလျော့ပါးရေးအခြေခံသင်တန်း (၁/၂၀၁၈)အား သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးတို့ဖြင့် ဖွင့်လှစ်ခဲ့ ရာ နေပြည်တော်ကောင်စီ ဝင် ဦးအောင်မြင်ထွန်း၊ တိုင်း/ခရိုင်အဆင့်မှ ဌာနဆိုင်ရာများ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၇-၁၂-၂၀၁၈)နေ့မှ (၂၁-၁၂-၂၀၁၈)နေ့အထိ (၅)ရက်တာကြာမြင့်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2018 Source: ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ တိုင်းဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်ခြင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မိုင်းဆတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မိုင်းဆတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်းနှင့် ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်သန္တာရွှေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများအား ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု မြို့နယ်အဆင့်သင်တန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်မှူးနှင့် ဘောလခဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈)ရက်နေ့၊ (၀၈း၂၀)နာရီအချိန်တွင် ဘောလခဲမြို့ရှိ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု မြို့နယ်အဆင့်သင်တန်းအား ဖွင့်လှစ်ခဲ့ရာ သင်တန်းသား (၄၅)ဦး တက်ရောက်ပြီး ဘောလခဲခရိုင် ဒုတိယအုပ်ချူပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဘေးစီမံပြည်နယ်မှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းကာလမှာ (၁၇-၁၂-၂၀၁၈)နေ့မှ (၂၁-၁၂-၂၀၁၈)နေ့အထိ (၅)ရက် တာ ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #kyh_dec2018 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း
=================================== (၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ——————————————————————– ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၆)၊၂၀၁၈ ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ ————————————————————————– ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”(PHETHAI)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ရောက်ရှိကာ ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”(PHETHAI) အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”(PHETHAI) သည် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ မြောက်-အရှေ့မြောက်ဘက် မိုင်(၂၀၀) ခန့်၊ မာချီလီပတ္တနမ်မြို့ … Read more
-
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း
======================================================= (၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ————————— အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၅)၊၂၀၁၈ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ ———————————- ယနေ့မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”(PHETHAI)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့မြောက်ဘက် မိုင်(၁၇၀)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် (၈၅)မိုင်ခန့်၊ ကာကီနာဒါမြို့(Kakinada) ၏ တောင်ဘက်မိုင်(၁၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”(PHETHAI)၏ လက်ရှိအခြေအနေ … Read more
-
ငလျင်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း
================================================= Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် အထက(၁)ဖယ်ခုံမြို့၌ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းအား ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၈၀၀) ဦးအား ငလျင်ဘေးအသိပညာပေးဟောပြောခြင်း၊ ပညာပေးဗွီနိုင်းပိုစတာများပြသခြင်းနှင့် ပညာပေး ဗီဒီယိုပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။









