သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်ခြင်း

17 Pic 01 17 Pic 02 17 Pic 03
=================================================
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မိုင်းဆတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် မိုင်းဆတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်းနှင့် ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်သန္တာရွှေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများအား ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကို (၁၇-၁၂-၂၀၁၈) ရက်နေ့မှ (၂၁-၁၂-၂၀၁၈) ရက်နေ့ထိ (၅) ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား (၅၀) ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events