Category Archives: News
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေး ဟောပြောခြင်း
================================================= Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်မှ (၁၅း၀၀) နာရီအချိန်ထိ ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာရှိ အ.ထ.က ကျောင်း၌ ကျောင်းသား/သူ အင်အား(၁၂၀)ဦးတို့ကို ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာများ၏ ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူတို့အား ဘေး(၈)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများဖြစ်သည့် မီးဘေး၊ မြေပြိုဘေးနှင့် ငလျင်ဘေးတို့အား ကျောင်းဝင်းအတွင်း ချိန်ဆွဲနိုင်ရေးအတွက် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ၊ တောင်သုံးလုံး ကျေးရွာ၌ (၁၈-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် မီးဘေးဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆောင်ရွက်ခဲ့ရာ လူဦးရေ (၂၀၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #simex_fir #tny_dec2018
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေး ဟောပြောခြင်း
================================================= Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၁း၄၅) နာရီအချိန်ထိ ဖလမ်းမြို့နယ်၊ ဒေါက်ထက်ကျေးရွာ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာများ၏ ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူ အင်အား(၂၇)ဦးတို့အား ဘေး(၈)မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများဖြစ်သည့် မီးဘေး မြေပြိုဘေးနှင့် ငလျင်ဘေးတို့အား ကျေးရွာအတွင်း ချိန်ဆွဲနိုင်ရေးအတွက် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================= Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ အ.ထ.က ခွဲ (ပနီတွင်းကျေးရွာ)၌ ကျောင်းသား/ ကျောင်းသူ (၁၅၀) ဦးတို့ကို သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ လေဘေး၊ မီးဘေး၊ မိုးကြိုးဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၈) မွန်းလွဲ (၁၄း၀၀)နာရီမှ (၁၅း၃၀)နာရီအချိန်ထိ ယင်းမာပင် ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ကျေးရွာရှိ ကျေးရွာသူ/ရွာသားများနှင့် ကျောင်းသား/ကျောင်း သူများ စုစုပေါင်း (၂၀၀)ဦးတို့အား သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေး ခဲ့ပြီး တက်ရောက်လာကြသူများအား လက်ကမ်း စာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထီးချိုင့်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် သဘာဝဘေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၂၅၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဘေးအန္တရာယ် ဆိုင်ရာမေးခွန်းများအား မေးမြန်းရာတွင် ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား စာရေးကိရိယာအစုံများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2018
-
မီးဘေး၊ ရေဘေးနှင့် မုန်တိုင်းဘေး အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Church World Services Myanmar (CWS) နှင့်ပူးပေါင်း၍ (၁၈-၁၂-၂၀၁၈) ရက်နေ့တွင် မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ ဘားမဏီးကျေးရွာ၌ မီးဘေး၊ ရေဘေးနှင့် မုန်တိုင်းဘေး အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ စားသုံးသူရေရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ယင်းမာကျေးရွာအုပ်စု၊ ယင်းမာကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ (၁၈-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီမှ (၁၂း၃၀) နာရီအထိ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနား၌ ကျောင်းသား/သူ (၁၈) ဦး၊ ဆရာ/ဆရာမ (၆) ဦး၊ ကျေးရွာနေပြည်သူ (၂၃) ဦး၊ စုစုပေါင်း (၄၇) ဦးတို့တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဘေး (၈) … Read more
-
နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးတွင် အာဆီယံက ပူးပေါင်း ဆောင်ရွက်ရန်အတွက် အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
ဒီဇင်ဘာ ၁၈ နေပြည်တော် ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံမှပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် မြန်မာနိုင်ငံအစိုးရအကြား အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက အဖွင့် အမှာစကားပြောကြားရာတွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့်(၃၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့်အညီ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးနှင့်ပတ်သက်၍ အာဆီယံ၏ ပူးပေါင်းပါဝင်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ်တာဝန်ယူချိန်မှ စတင်ကာ … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈)နေ့က ဖြစ်ပွားခဲ့သော မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စု၊ နတ်အိမ်တောင်ကျေးရွာမီးဘေးမှ မီးဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)အိမ်ထောင်စာ၊ ပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)နှင့် ဘေးသင့် လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၈,၄၀၀) တို့အား (၁၈-၁၂-၂၀၁၈)နေ့ (၁၃၀၆)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။









