
=================================================
Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၁း၄၅) နာရီအချိန်ထိ ဖလမ်းမြို့နယ်၊ ဒေါက်ထက်ကျေးရွာ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာများ၏ ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူ အင်အား(၂၇)ဦးတို့အား ဘေး(၈)မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများဖြစ်သည့် မီးဘေး မြေပြိုဘေးနှင့် ငလျင်ဘေးတို့အား ကျေးရွာအတွင်း ချိန်ဆွဲနိုင်ရေးအတွက် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။