လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ စားသုံးသူရေရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ယင်းမာကျေးရွာအုပ်စု၊ ယင်းမာကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ (၁၈-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီမှ (၁၂း၃၀) နာရီအထိ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနား၌ ကျောင်းသား/သူ (၁၈) ဦး၊ ဆရာ/ဆရာမ (၆) ဦး၊ ကျေးရွာနေပြည်သူ (၂၃) ဦး၊ စုစုပေါင်း (၄၇) ဦးတို့တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ar_eqk
#mgy_dec2018