လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထီးချိုင့်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် သဘာဝဘေး အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၂၅၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဘေးအန္တရာယ် ဆိုင်ရာမေးခွန်းများအား မေးမြန်းရာတွင် ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား စာရေးကိရိယာအစုံများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_dec2018