ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေး ဟောပြောခြင်း

19 Pic 03 19 Pic 04
=================================================
Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်မှ (၁၅း၀၀) နာရီအချိန်ထိ ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာရှိ အ.ထ.က ကျောင်း၌ ကျောင်းသား/သူ အင်အား(၁၂၀)ဦးတို့ကို ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာများ၏ ဆောင်ရန်/ရှောင်ရန်အချက်များကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူတို့အား ဘေး(၈)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နံရံကပ်ပိုစတာများဖြစ်သည့် မီးဘေး၊ မြေပြိုဘေးနှင့် ငလျင်ဘေးတို့အား ကျောင်းဝင်းအတွင်း ချိန်ဆွဲနိုင်ရေးအတွက် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events