Category Archives: News
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် မလက်တိုကျးရွာအုပ်စု လှိုင်းတာကျေးရွာ၌ (၁၇-၁-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃)လုံး အိမ်ထောင်စု (၃) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ Care Myanmar မှ လှူဒါန်းသည့် အလှူပစ္စည်း ပိုက်ဖျာ ၃ ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀၀) ကျပ် စုစုပေါင်းလူဦးရေ (၁၈) … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာအုပ်စု ဆားမလောက်ကျေးရွာအလယ်ပိုင်း ဂန္ဓလမ်းထိပ်၌ (၁၅-၁-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ ၇ ရက်စာရန်ပုံငွေ (၄၂၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်တွင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များဆွေးနွေးမှုသတင်း
ဇန်နဝါရီလ၁၈၊ နေပြည်တော် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံးမှယာယီတာဝန်ခံ Mr. NarongBoonsatheanwong က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင်ထိုင်းနိုင်ငံအစိုးရက မြန်မာနိုင်ငံအတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီ ထောက်ပံ့နေသည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တွင် Learning Centre (၂) ခု ဖွင့်လှစ်ရေးနှင့် အစိုးရဝန်ထမ်းများ အား ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဘွဲ့လွန်နှင့် လုပ်ငန်းခွင်ဆိုင်ရာပညာဆက်လက်သင်ကြားရန်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကိစ္စရပ်များ၊ UEHRD ၏ Private Public Partnership ပုံစံဖြင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍၊ (၁၈-၁-၂၀၁၉) နံနက် (၀၉း၃၀)အချိန်တွင် မြဝတီမြို့နယ်၊ ကျော်ခိုးကျေးရွာ၊ ဓမ္မာရုံတွင် ကျော်ခိုးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအပါအဝင် ကျေးရွာသူ၊ ကျေးရွာသားများ (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်အလက် များဟောပြောခဲ့ပြီး အသိ ပညာပေး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jan2019 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးကြောင့် အမိုးလန်ပျက်စီး ဘုန်းကြီးကျောင်းအတွက် အလူဇင့်သွပ်များထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကုလားကုတ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာ၌ (၈-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီး ဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် ဓမ္မာရုံတို့ အတွက် (၇) ပေ အလူဇင့်သွပ် (၅၀၀) ချပ်အား (၁၇-၁-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mon_jan2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရခိုင်ပြည်နယ် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
ဇန်နဝါရီ၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆွေးနွေးစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ လတ်တလော စားဝတ်နေရေးပြေလည်အောင် ထောက်ပံ့မှုများတွင် မှန်ကန်သောစာရင်းဇယားများ အတိုင်း ထောက်ပံ့မှုများဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် သန့်ရှင်းသော သောက်သုံးရေးရရှိရေး၊ ယာယီတဲများနှင့် ယင်လုံအိမ်သာများအသုံးပြုနိုင်ရေး၊ ရွေ့လျားကျန်းမာရေးဝန်ဆောင်မှုဆေးခန်းဖြင့် စီစဉ် ဆောင်ရွက်နိုင်ရေး၊ ပညာရေးဆက်လက်သင်ကြားတက်ရောက်နိုင်ရန်အတွက် စီမံဆောင်ရွက်ပေးနိုင်ရေး၊ … Read more
-
ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပြန်လည် ထူထောင်ရေးလုပ်ငန်း အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကျင်းပမှုသတင်း
နေပြည်တော်၊ (၁၇-၁-၂၀၁၉)ရက်နေ့ ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမား များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းအဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ရှိ ဖားကန့်ဒေသအတွင်း … Read more
-
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ အိုင့်ကိုင်းကျေးရွာအုပ်စု၊ အိုင့်ကိုင်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ အိုင့်ကိုင်းကျေးရွာအုပ်စု၊ အိုင့်ကိုင်းကျေးရွာ၌ (၁၆-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၀,၅၀၀/-) ကျပ် တို့အား (၁၇-၁-၂၀၁၉) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၉) ရက်နေ့၊ နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ (အ.ထ.က)-ခွဲ စက်မှုဇုန်၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၄၇၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပညာပေးဗီဒီယိုပြသခြင်း တို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2019
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ (အ.ထ.က) လုံကောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၃၈၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပညာပေး ဗီဒီယိုပြသခြင်း တို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2019









