
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ အိုင့်ကိုင်းကျေးရွာအုပ်စု၊ အိုင့်ကိုင်းကျေးရွာ၌ (၁၆-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၀,၅၀၀/-) ကျပ် တို့အား (၁၇-၁-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar_fir
#mgy_jan2019