
=================================================
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာအုပ်စု ဆားမလောက်ကျေးရွာအလယ်ပိုင်း ဂန္ဓလမ်းထိပ်၌ (၁၅-၁-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ ၇ ရက်စာရန်ပုံငွေ (၄၂၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၄၂၀၀) ကျပ်ကို ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၁၈-၁-၂၀၁၉) ရက်နေ့၊ (၁၅း၀၀) အချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။