ဇန်နဝါရီ၁၇၊ နေပြည်တော်
ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆွေးနွေးစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ လတ်တလော စားဝတ်နေရေးပြေလည်အောင် ထောက်ပံ့မှုများတွင် မှန်ကန်သောစာရင်းဇယားများ အတိုင်း ထောက်ပံ့မှုများဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် သန့်ရှင်းသော သောက်သုံးရေးရရှိရေး၊ ယာယီတဲများနှင့် ယင်လုံအိမ်သာများအသုံးပြုနိုင်ရေး၊ ရွေ့လျားကျန်းမာရေးဝန်ဆောင်မှုဆေးခန်းဖြင့် စီစဉ် ဆောင်ရွက်နိုင်ရေး၊ ပညာရေးဆက်လက်သင်ကြားတက်ရောက်နိုင်ရန်အတွက် စီမံဆောင်ရွက်ပေးနိုင်ရေး၊ တိုက်ပွဲ ရှောင်စခန်းများတွင် လုံခြုံရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ ပျောက်ဆုံးသွားသော မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ အမြန်ဆုံးပြန်လည်ရရှိအောင် စိစစ်ဆောင်ရွက်ပေးနိုင်ရေး၊ တိုက်ပွဲရှောင် စခန်းများတွင် ယာယီစာဖတ်ခန်းများဖွင့်လှစ်ပေးနိုင်ရေး၊ လိုအပ်သောစားနပ်ရိက္ခာများကို စနစ်တကျထောက်ပံ့ပေး နိုင်ရေးနှင့် စခန်းများတွင် စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့ကို စနစ်တကျဖွဲ့စည်းပြီး ပြည်နယ်အစိုးရမှ တာဝန်ယူညှိနှိုင်း ဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ရာ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ၎င်းတို့တာဝန်ယူဆောင်ရွက်ရသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jan2019