ဇန်နဝါရီလ၁၈၊ နေပြည်တော်
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံးမှယာယီတာဝန်ခံ Mr. NarongBoonsatheanwong က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင်ထိုင်းနိုင်ငံအစိုးရက မြန်မာနိုင်ငံအတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီ ထောက်ပံ့နေသည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တွင် Learning Centre (၂) ခု ဖွင့်လှစ်ရေးနှင့် အစိုးရဝန်ထမ်းများ အား ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဘွဲ့လွန်နှင့် လုပ်ငန်းခွင်ဆိုင်ရာပညာဆက်လက်သင်ကြားရန်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကိစ္စရပ်များ၊ UEHRD ၏ Private Public Partnership ပုံစံဖြင့် ဆောင်ရွက်ချက်များ၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးဆိုင်ရာလုပ်ငန်းစဉ် အဆင့် ဆင့်နှင့် Cash for work အစီအစဉ် ဆောင်ရွက်ထားရှိမှု၊ ထိုင်းနိုင်ငံက အာဆီယံဥက္ကဌ တာဝန်ယူ ရမည် ဖြစ်ရာ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် ပိုမိုသိရှိနားလည်ရန်နှင့် မြန်မာနိုင်ငံနှင့် မိတ်ဆွေနိုင်ငံအဖြစ် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှု ဆိုင်ရာအာဆီယံ ညှိနှိုင်း ရေးမှူးရုံး (AHA Centre) နှင့် ဝန်ကြီးဌာနတို့ ပူးပေါင်း၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်နေသည့် အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jan2019