Category Archives: News
-
မြဝတီခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အတူ (၁-၁-၂၀၁၉)ရက်နေ့ (၁၅၄၅)အချိန် အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းဘေးရှိ ဓမ္မစေတီ ဘုန်းကြီးကျောင်းအနီး၊ စံဆဲဆီဆိုင် အနောက်ရေမြောင်းပတ်ထားသည့် ကျွန်းဆွယ်အစွန်းမြေပိုတွင်မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု(၁)စု ၊ ကျား(၂)ဦး၊ မ(၃)ဦး အား အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀ဝ)၊ ဆန်ရိက္ခာ (၇)ရက်စာငွေကျပ် (၁၀,၅၀ဝ)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံးတို့ကို (၃-၁-၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၆၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၁၉)ရက်နေ့ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ နယ်မြေ(၁)တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၂,၆၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၂,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာတို့အား (၅-၁-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့်တကွ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ (၃-၁-၂၀၁၉)ရက်နေ့ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင်ဖြစ်ပွားခဲ့သော မီးဘေး၌ ဘေးသင့်အိမ်ခြေ၊ အိမ်ထောင်စုများအနက်ထောက်ပံ့ရန်ကျန်ရှိနေသည့် အိမ်ထောင်စု (၁၀၇) စုအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁၀၇-အိမ်ထောင်စုစာ) ကို (၄-၁-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၂-၂၀၁၈)နေ့ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားအုပ်စု၊ နန်းပရုပ်ကျေးရွာမီးဘေးမှ ဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁)သိန်းနှင့် ဘေးသင့်လူဦးရေ (၄)ဦး အတွက်ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၈,၄၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀၈,၄၀၀)အား (၄-၁-၂၀၁၉)နေ့ (၁၁၂၀)အချိန်တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၉)နေ့ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ သင်္ကန်းမှော်ကျေးရွာမီးဘေးမှ ဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၅မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁)သိန်း၊ ဘေးသင့်လူဦးရေ (၅)ဦးတွက်ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၀,၅၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁၀,၅၀၀)တို့အား (၄-၁-၂၀၁၉)နေ့ (၁၂၂၀) အချိန်တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၉)နေ့ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ ပြည်ခြားကျေးရွာ မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁)သိန်း၊ မီးတားကြိုတင်ဖျက်သိမ်းအိမ် (၂)လုံးအတွက် ထောက်ပံ့ငွေကျပ် (၂)သိန်း ဘေးသင့် လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေကျပ် (၄၆,၂၀၀)၊ စုစုပေါင်းရန်ပုံငွေ (၃၄၆,၂၀၀) တို့အား (၄-၁-၂၀၁၉) နေ့ (၁၂၅၅) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ တာဂွတဲကြီးကုန်းအုပ်စု၊ ယင်းတောလေးကျေးရွာနှင့် ထန်းသုံးပင်အုပ်စု၊ ကွမ်းခြံကုန်းကျေးရွာတွင် (၁၆-၁၂-၂၀၁၈) ရက်နေ့၌ ကောက်ကြီးစပါးခင်းများ မီးလောင်မှုကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စု(၁၂)စုမှ လူဦးရေ (၄၉)ဦးအတွက် ဆန်ရိက္ခာဖိုးကျပ်(၄၄၁,၀၀၀)ကို (၃-၁-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၁၈)ရက်နေ့ (၂၀၃၀)အချိန်တွင် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ အေးသာယာမြို့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၁)အိမ်၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄,၂၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၀၄,၂၀၀)အား (၃-၁-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ထူးခြားမိုးလေဝသအခြေအနေသတင်းအမှတ်စဉ်(၀၇/၂၀၁၉)
“ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက် များအရ ထိုင်းနိုင်ငံကို ဖြတ်ကျော်နေသော အပူပိုင်းမုန်တိုင်း “ပါဘက်” (Pabuk)သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ (Kawthaung)၏တောင်-အရှေ့တောင်ဘက် မိုင်(၉၀)ခန့်၊ ကိုကိုး ကျွန်းမြို့ (Coco Island)၏ အရှေ့တောင်ဘက် မိုင်(၄၆၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့ (Port Blair)၏ အရှေ့တောင်ဘက် မိုင်(၄၀၀)ခန့်အကွာ၊ ထိုင်းနိုင်ငံ အေအိုးလိခ်မြို့(Ao Luek)အနီးမှ ဆက်လက်ဖြတ်ကျော်လျှက်ရှိပါသည်။” အပူပိုင်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် =================================== လေတိုက်နှုန်း ========= အဆိုပါ အပူပိုင်းမုန်တိုင်း”ပါဘက်”(Pabuk)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၁/၂၀၁၉)
ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံ ကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်” (Pabuk)သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့(Kawthaung)၏ အနောက်တောင် ဘက်(၆၅)မိုင်ခန့်၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အရှေ့တောင် ဘက် မိုင် (၃၉၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ အရှေ့တောင်ဘက် (၃၃၅) မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ (ခ) ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်” (Pabuk)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် … Read more









