လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်၌ (၁၅-၁-၂၀၁၉) ရက်နေ့၊ (၁၁း၅၅) နာရီအချိန်တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ ရှော့ဖြစ်ကာ ထရံသို့ မီးကူးစက်လောင်ကျွမ်း မှုဖြစ်ပွားခဲ့ခြင်းကြောင့် အိမ်ခန်း (၂) ခန်းနှင့် အမိုးမျက်နှာကျက်များ မီးကူး စက် လောင်ကျွမ်းခဲ့ရာ တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၂,၆၀၀/-) ကျပ်တို့အား (၂၂-၁-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#Kcn_jan2019