သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၃၀)နာရီအချိန်၌ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ အခမ်း အနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မြဝတီခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာ များနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ သင်္ဃန်းညီနောင် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူ စုစုပေါင်း (၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#Krn_jan2019

Sign Up

Upcoming Events