သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

22 Pic 01 22 Pic 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်း(ယန်းလူး) ကျောင်းတွင် ကျောင်းသား / သူ (၃၄၀) ဦးတို့အားလည်းကောင်း၊ (၁၃း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ အမှတ် (၃) အခြေခံ ပညာအလယ်တန်းကျောင်း (ထ-ခွဲ) မှ ကျောင်းသား/သူ (၂၀၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာ ပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ၊ ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့ သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar_eqk
#shn_jan2019

Sign Up

Upcoming Events