မီးဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီခရိုင်မီးသတ်ဦးစီးဌာနမှ (၂၁-၁-၂၀၁၉) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် မြဝတီမြို့နယ်၊ ဘုရင့်နောင်ဈေးကြီးတွင် ကျင်းပပြုလုပ်သော မီးဘေးအန္တရာယ် ဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားတွင် တက်ရောက်လာသော ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဈေးသူ/သားများနှင့် ပြည်သူများအား မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်း စာစောင်များ ဝေငှပေးခဲ့ပြီး အဆိုပါအခမ်းအနားသို့ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ခရိုင် အုပ်ချုပ် ရေးမှူး၊ ခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဈေးသူ/သားများနှင့် ပြည်သူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#krn_jan2019

Sign Up

Upcoming Events