Category Archives: News
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈) တွင် (၁၄-၂-၂၀၁၉) ရက်နေ့၊ (၁၈း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်တို့အား (၁၅-၂-၂၀၁၉) ရက်နေ့တွင် … Read more
-
စက်ရေတွင်းနှင့် ရေစင်များဖွင့်လှစ်ပေးသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခြင်း
================================================= Source: ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးဌာန (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၉) ရက်နေ့တွင် နွေရာသီ၌ သောက်သုံးရေရှားပါးမှုကြုံတွေ့ရသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းတောင်းကျေးရွာနှင့် ဒညင်းကုန်းကျေးရွာများအတွက် သောက်သုံးရေအခက်အခဲမရှိစေရန် စက်ရေတွင်းနှင့် ရေစင်များဖွင့်လှစ်ပေးသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာရပ်မိရပ်ဖများ၊ စက်ရေတွင်းတူးဖော်ရေးကော်မတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါစက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေမှ ကျေးရွာ (၁) ရွာလျှင် ထောက်ပံ့ငွေ … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု သတင်း
ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၂.၂၀၁၉)ရက်နေ့ တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာ၌ မီးလောင်ပျက်စီးခဲ့သည့် အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စုမှ လူဦးရေ (၂၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄၆၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၅၄၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၆)အိမ်ထောင်စာတို့ အား (၁၅-၂-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ဒေသသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_feb2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၂-၂၀၁၉) ရက်နေ့ (၁၃းဝဝ) နာရီအချိန်မှ (၁၄းဝဝ) နာရီအချိန် ထိ ကလေးခရိုင်၊ ကလေးမြို့၊ ကျီကုန်းကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား (၁၅ဝ) ဦးတို့အား သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_feb2019
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၃း၀၀) နာရီ အချိန်ထိ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ တင်ကုတ်ကြီးကျေးရွာအုပ်စု၊ ညောင်သွယ်ကျေးရွာ၌ ကျေးရွာသူ/သား (၈၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း နှင့် ခေါက်ဆွဲခြောက်ထုပ်ဝေငှပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_feb2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၂-၂၀၁၉)ရက်နေ့ (၁၃းဝဝ)နာရီအချိန်မှ (၁၄းဝဝ)နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသား(၁၅ဝ)ဦးခန့်တို့ကို သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများ ပေးအပ်ခြင်းတို့ပြုလုပ်ခဲ့ရာကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #bgo_feb2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) အချိန်မှ (၁၄း၃၀) နာရီ အချိန် ထိ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ လူမှုဖွဲ့ဖြိုးတိုးတက်ရေးအသင်း (CAD) ရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဘေးမဖြစ်မီကြိုတင် ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးချိန် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးကျော်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #rke_feb2019
-
စက်ရေတွင်းတူးမည့်မြေနေရာအား ကွင်းဆင်း ကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ဒီမိုကရေစီ ကရင့်အကျိုးပြုတပ်မတော် (DKBA) မှ တာဝန်ရှိသူများနှင့်အတူ မြဝတီမြို့နယ်၊ သုခလင်းမြိုင်ကျေးရွာ၊ လှှိုဏ်ဂူ တစ်ထောင်ဘုန်းကြီးကျောင်းတွင် စက်ရေတွင်းလှူဒါန်းရန်အတွက် စက်ရေတွင်းတူးမည့် မြေနေရာအား ကွင်းဆင်း ကြည့်ရှုခြင်း၊ လှှိုဏ်ဂူတစ်ထောင်ကျောင်း ဆရာတော်အား စက်ရေတွင်းတူးမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးလျှောက်ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #krn_feb2019
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၁၉) ရက်နေ့တွင် ကျောက်ဖြူခရိုင်၊ မာန်အောင် မြို့နယ်၊ ဇီးတောကျေးရွာအနီး နစ်မြုပ်ခဲ့သည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆင်ပြောင်သင်္ဘောနစ်မြုပ်မှုမှ သေဆုံးတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၅-၂-၂၀၁၉) ရက်နေ့တွင် သေဆုံးသူမိသာစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #rke_feb2019
-
ရေကန်မြေသားပြုပြင်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ တင်ပလွှဲကျေးရွာအုပ်စု၊ ဓမင်းဆိပ်(Shelter)၌ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးဘိုဘိုမင်းဇော်၊ ဌာနဆိုင်ရာမှတာဝန်ရှိ သူများ၊ ရေကန်ပြုပြင်ရေးမြို့နယ်ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများနှင့်လူထုတွေ့ဆုံပွဲကျင်းပခဲ့ပြီး (Shelter) အနောက်ဖက်ရှိ ရေကန်မြေသားပြုပြင်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးကြည့်ရှူခဲ့ကြပါသည်။ အဆိုပါရေကန်ပြုပြင်မှုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာဝဘေးခွင့်ပြုရန်ပုံငွေဖြင့်ပြုပြင်ခဲ့ခြင်းဖြစ်ပြီး သောက်ရေကန်အဖြစ် အသုံးပြုနိုင်သလို သက်ကယ်ကုန်းမြင့်အဖြစ်လည်းအသုံးပြုနိုင်ရန်တည်ဆောက်ထားခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ #otr #ayy_feb2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









