လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ဒီမိုကရေစီ ကရင့်အကျိုးပြုတပ်မတော် (DKBA) မှ တာဝန်ရှိသူများနှင့်အတူ မြဝတီမြို့နယ်၊ သုခလင်းမြိုင်ကျေးရွာ၊ လှှိုဏ်ဂူ တစ်ထောင်ဘုန်းကြီးကျောင်းတွင် စက်ရေတွင်းလှူဒါန်းရန်အတွက် စက်ရေတွင်းတူးမည့် မြေနေရာအား ကွင်းဆင်း ကြည့်ရှုခြင်း၊ လှှိုဏ်ဂူတစ်ထောင်ကျောင်း ဆရာတော်အား စက်ရေတွင်းတူးမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးလျှောက်ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
#otr
#krn_feb2019