သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၃း၀၀) နာရီ အချိန်ထိ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ တင်ကုတ်ကြီးကျေးရွာအုပ်စု၊ ညောင်သွယ်ကျေးရွာ၌ ကျေးရွာသူ/သား (၈၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း နှင့် ခေါက်ဆွဲခြောက်ထုပ်ဝေငှပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#sgg_feb2019

Sign Up

Upcoming Events