လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ တင်ပလွှဲကျေးရွာအုပ်စု၊ ဓမင်းဆိပ်(Shelter)၌ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးဘိုဘိုမင်းဇော်၊ ဌာနဆိုင်ရာမှတာဝန်ရှိ သူများ၊ ရေကန်ပြုပြင်ရေးမြို့နယ်ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများနှင့်လူထုတွေ့ဆုံပွဲကျင်းပခဲ့ပြီး (Shelter) အနောက်ဖက်ရှိ ရေကန်မြေသားပြုပြင်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးကြည့်ရှူခဲ့ကြပါသည်။ အဆိုပါရေကန်ပြုပြင်မှုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာဝဘေးခွင့်ပြုရန်ပုံငွေဖြင့်ပြုပြင်ခဲ့ခြင်းဖြစ်ပြီး သောက်ရေကန်အဖြစ် အသုံးပြုနိုင်သလို သက်ကယ်ကုန်းမြင့်အဖြစ်လည်းအသုံးပြုနိုင်ရန်တည်ဆောက်ထားခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
#otr
#ayy_feb2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)