လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) အချိန်မှ (၁၄း၃၀) နာရီ အချိန် ထိ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ လူမှုဖွဲ့ဖြိုးတိုးတက်ရေးအသင်း (CAD) ရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဘေးမဖြစ်မီကြိုတင် ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးချိန် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးကျော်ရှိကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#rke_feb2019