Category Archives: News
-
ပြောင်းရွှေ့နေအိမ်များအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်၌ (၁၅-၂-၂၀၁၉) ရက်နေ့တွင် ရေဘေးကြိုတင်ကာကွယ်ရေးအတွက် တာတမံမြှင့်တင်ခြင်းနှင့် တာမြေထောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ မလွတ်ကင်းသောအိမ်များအား လွတ်ရာသို့ပြောင်းရွှေ့စေရာ နေအိမ် (၇) လုံးရွှေ့ပြောင်းခဲ့ပါသည်။ အဆိုပါ ပြောင်းရွှေ့နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂၆) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ ( ၅၄,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၅၄,၆၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး … Read more
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၂-၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ်၊ မြစကိုင်းကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၇၅) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့်ထုပ်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_feb2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ၊ ရေကျော်ကျေးရွာ၌ (၁၇-၂-၂၀၁၉) ရက်နေ့၊ (၀၂း၀၀) နာရီအချိန်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် ထင်းခြောက်များသို့ မီးကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၃) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၇,၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၇,၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု၊ စေတီပြင်ကျေးရွာ၌ (၁၅-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၆) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၂) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၂,၆၀၀/-) ကျပ်အား (၁၉-၂-၂၀၁၉) ရက်နေ့တွင် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ဆင်ခြံကျေးရွာ၌ (၁၇-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာ (၁၅) ပြည်၊ (၆) ဗူးအား (၁၉-၂-၂၀၁၉) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၃) ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း ၊ အမှတ် (၃၃၈/၃၃၉) ရှိ ဟွန်ဒါမြန်မာ (Honda Myanmar) အထပ်သားစက်ရုံ၌ (၁၈-၂-၂၀၁၉) ရက်နေ့၊ (၁၈း၄၅) နာရီချိန်တွင် လွှစာမှုန့်များသို့ မီးကူးစက်ရာမှ ဘွိုင်လာပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူဦးရေ (၁၃) ဦးဒဏ်ရာရပြီး (၁) ဦးသေဆုံးခဲ့ရာ ဒဏ်ရာရလူနာ (၁၃) ဦးအတွက် (၁) ဦးလျှင် … Read more
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကသာခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကသာခရိုင်၊ ဒုံအော့ကျေးရွာ၊ ဓမ္မာရုံ၌ (၁၉-၂-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်မှ (၁၂း၃၀) နာရီအချိန်အထိ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ရာ ရွာသူ/သား (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သင်တန်းဖွင့်လှစ်ခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် UNDP အဖွဲ့တို့ပူးပေါင်း၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအစဉ်များ စနစ်တကျရေးဆွဲနိုင်ရန်ရည်ရွယ်ချက်ဖြင့် မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ (၁၉-၂-၂၀၁၉) ရက်နေ့မှ (၂၂-၂-၂၀၁၉) ရက်နေ့အထိလည်းကောင်း၊ အလုပ်ရုံဆွေးနွေးပွဲအား (၂၅-၂-၂၀၁၉) ရက်နေ့တွင်လည်းကောင်း ကျင်းပဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သင်တန်းအား (၁၉-၂-၂၀၁၉) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကာ မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ (၁) ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဌာနအသီးသီးမှ ကိုယ်စားလှယ် … Read more
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ ကမ္ဘာနီကျေးရွာ၌ (၁၉-၂-၂၀၁၉) ရက်နေ့၊ နံနက်(၁၀း၃၀) အချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ရာ လူဦးရေ (၂၀၀) ခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_feb2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြစ်ကြီးနားမြို့နယ်နှင့် မိုးကောင်းမြို့နယ်များအတွင်း မိုးသီးကြွေကျမှုကြောင့် ပျက်စီးခဲ့မှုအခြေအနေများအား သွားရောက်ကြည့်ရှုခြင်း
================================================= Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်နှင့် မိုးကောင်းမြို့နယ်တို့၌ (၁၇-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသီးကြွေကျခဲ့မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းဦးဆောင်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြစ်ကြီးနားခရိုင် NLD ပါတီဥက္ကဌ ဦးတင်ဝင်း၊ မြစ်ကြီးနားမြို့နယ် NLD ပါတီဝင်ဦးအက်စ်ကူးမားနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ အဖွဲ့နှင့်အတူ (၁၈-၂-၂ဝ၁၉) ရက်နေ့၊ (၁၄း၄၅) နာရီအချိန်မှစတင်ကာ မြစ်ကြီးနားမြို့မှ မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာသို့လည်းကောင်း၊ … Read more









