လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၃) ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း ၊ အမှတ် (၃၃၈/၃၃၉) ရှိ ဟွန်ဒါမြန်မာ (Honda Myanmar) အထပ်သားစက်ရုံ၌ (၁၈-၂-၂၀၁၉) ရက်နေ့၊ (၁၈း၄၅) နာရီချိန်တွင် လွှစာမှုန့်များသို့ မီးကူးစက်ရာမှ ဘွိုင်လာပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူဦးရေ (၁၃) ဦးဒဏ်ရာရပြီး (၁) ဦးသေဆုံးခဲ့ရာ ဒဏ်ရာရလူနာ (၁၃) ဦးအတွက် (၁) ဦးလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၆၅၀,၀၀၀/-) ကျပ်၊ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၅၀,၀၀၀/-) ကျပ်အား (၁၉-၂-၂၀၁၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်၊ အင်းစိန် ပြည်သူ့ဆေးရုံ၌ ဘေးသင့်ပြည်သူများနှင့် ကျန်ရစ်သူမိသားစုဝင်ထံသို့ သက်ဆိုင်ရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ygn_feb2019
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)