မြစ်ကြီးနားမြို့နယ်နှင့် မိုးကောင်းမြို့နယ်များအတွင်း မိုးသီးကြွေကျမှုကြောင့် ပျက်စီးခဲ့မှုအခြေအနေများအား သွားရောက်ကြည့်ရှုခြင်း

19 Pic 01 19 Pic 02 19 Pic 03
=================================================
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်နှင့် မိုးကောင်းမြို့နယ်တို့၌ (၁၇-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသီးကြွေကျခဲ့မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းဦးဆောင်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြစ်ကြီးနားခရိုင် NLD ပါတီဥက္ကဌ ဦးတင်ဝင်း၊ မြစ်ကြီးနားမြို့နယ် NLD ပါတီဝင်ဦးအက်စ်ကူးမားနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ အဖွဲ့နှင့်အတူ (၁၈-၂-၂ဝ၁၉) ရက်နေ့၊ (၁၄း၄၅) နာရီအချိန်မှစတင်ကာ မြစ်ကြီးနားမြို့မှ မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာသို့လည်းကောင်း၊ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ နန်းခမ်းကျေးရွာနှင့် လွယ်ခေါကျေးရွာများသို့လည်းကောင်း သွားရောက်ခဲ့ကြပြီး ဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ခြင်း၊ ပျက်စီးဆုံးရှုံးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

မိုးသီးကြွေကျခြင်းကြောင့်-

မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာတွင် အိမ်ခြေ (၃၄၂) လုံး၊ အိမ်ထောင်စု (၃၄၂) စုမှ လူဦးရေ (၂၀၃၃) ဦး၊  မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ နန်းခမ်းကျေးရွာတွင် အိမ်ခြေ (၂၉) လုံး၊ အိမ်ထောင်စု (၂၉) စုမှ လူဦးရေ (၁၂၂) ဦးနှင့် လယ်ခေါကျေးရွာတွင် အိမ်ခြေ (၃၉၇) လုံး၊ အိမ်ထောင်စု (၃၉၇) စုမှ လူဦးရေ (၂၇၂၈) ဦးတို့ ဘေးသင့်ခဲ့ကြောင်းနှင့် လိုအပ်သည့်အထောက်အပံ့များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events