သင်တန်းဖွင့်လှစ်ခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

19 Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် UNDP အဖွဲ့တို့ပူးပေါင်း၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအစဉ်များ စနစ်တကျရေးဆွဲနိုင်ရန်ရည်ရွယ်ချက်ဖြင့် မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ (၁၉-၂-၂၀၁၉) ရက်နေ့မှ (၂၂-၂-၂၀၁၉) ရက်နေ့အထိလည်းကောင်း၊ အလုပ်ရုံဆွေးနွေးပွဲအား (၂၅-၂-၂၀၁၉) ရက်နေ့တွင်လည်းကောင်း ကျင်းပဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သင်တန်းအား (၁၉-၂-၂၀၁၉) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကာ မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ (၁) ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဌာနအသီးသီးမှ ကိုယ်စားလှယ် (၃၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#mon_feb2019

Source:         မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events