လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်၌ (၁၅-၂-၂၀၁၉) ရက်နေ့တွင် ရေဘေးကြိုတင်ကာကွယ်ရေးအတွက် တာတမံမြှင့်တင်ခြင်းနှင့် တာမြေထောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ မလွတ်ကင်းသောအိမ်များအား လွတ်ရာသို့ပြောင်းရွှေ့စေရာ နေအိမ် (၇) လုံးရွှေ့ပြောင်းခဲ့ပါသည်။ အဆိုပါ ပြောင်းရွှေ့နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂၆) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ ( ၅၄,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၅၄,၆၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၇) အိမ်ထောင်စုစာ၊ care myanmar ပိုက်ဖျာ (၇) ချပ်အား (၁၉-၂-၂၀၁၉) ရက်နေ့တွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#ayy_feb2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)