လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကသာခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကသာခရိုင်၊ ဒုံအော့ကျေးရွာ၊ ဓမ္မာရုံ၌ (၁၉-၂-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်မှ (၁၂း၃၀) နာရီအချိန်အထိ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ရာ ရွာသူ/သား (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_feb2019
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)