Category Archives: News
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၉)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုတ် ကျေးရွာအုပ်စု၊အောင်သုခကျေးရွာ၊တွင် (၄-၃-၂၀၁၉)ရက်နေ့က ဖြစ်ပွားခဲ့သော မီးဘေးသင့် (၁) အိမ်ထောင်စာအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝ)ကျပ်၊ ဘေးသင့်ပြည်သူ (၃)ဦး အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၆,၃၀ဝ) ကျပ်နှင့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၁) ပုံးတို့ကို မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #bgo_mar2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး … Read more
-
မြေမြှုပ်မိုင်းတားမြစ်ဖျက်သိမ်းရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်စာချုပ်နှင့်ပတ်သက်သည့် အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပမှုသတင်း
မတ် ၅၊ နေပြည်တော် မြေမြှုပ်မိုင်း တားမြစ်ဖျက်သိမ်းရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်စာချုပ်နှင့်ပတ်သက်သည့် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊သင်္ဂဟဟိုတယ်၌် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၊ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးဆက် ဖြစ်သော မြေမြှုပ်မိုင်းများနှင့် စစ်လက်ကျန်ပစ္စည်းများကြောင့် ဒေသခံပြည်သူများ အသက်ဆုံးရှုံးခြင်း၊ မသန်စွမ်းမှု ဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်း၊ လူမှုစီးပွားဘဝထိခိုက်ခြင်းများစွာ ရင်ဆိုင်ခံစားရသည့်အတွက် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် မိုင်းကြောင့်ထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့ခြင်း၊ လူမှုဘဝပြန်လည်ဝင့်ဆံနိုင်ရေးအတွက် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
(၅-၃-၂၀၁၉)ရက်နေ့၊ စစ်တွေမြို့နယ်၊ မင်းဂံရပ်ကွက်၊ ကန်တော်ကြီးအကွက်(၅)တွင် ညသန်ခေါင်ယံကျော်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃)ဦး အတွက် ဆန်ရိက္ခာ(၇) ရက် စာဖိုး (၆၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀) ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါ သည်။ #ha_fir #rke_mar2019 … Read more
-
မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၁၉) ရက်နေ့၌ ရေဦးမြို့၊ဗိုလ်အောင်ဇေယျရပ်ကွက်တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆,၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၆,၈၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၅-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_fir #sgg_mar2019 Source – ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ သစ်စက်ရပ်ကွက်၊ မဟာသန္တိသုခဓမ္မာရုံ၌ (၅-၃-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်မှ(၁၂း၃၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ ဗီနိုင်း ပိုစတာများပေးအပ်ခြင်းတို့ပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၁၂၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #bgo_mar2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအို ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၂-၂၀၁၉) ရက်နေ့၌ ပူတာအိုမြို့နယ်၊ တုံလီထုရပ်ကွက်တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၁) စုရှိ လူဦးရေ(၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊အား (၅-၃-၂၀၁၉)ရက်နေ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #kcn_mar2019 Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကြိမ်ကုန်းကြီးကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာတွင် (၄-၃-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သောအိမ်ခြေ (၆) လုံးနှင့် လူဦးရေ (၂၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၁၆) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁,၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၂,၅၀၀)ကျပ်၊ စုစုပေါင်း (၁၁,၅၂,၅၀၀)ကျပ်တို့အား (၅-၃-၂၀၁၉)ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #ayy_mar2019 Source: … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၂-၂၀၁၉) ရက်နေ့၌ ဝေါမြို့နယ်၊ ပန်းညိုကျေးရွာအုပ်စု၊ အောက်ပန်းညိုကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်နှင့် အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀,၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး၊ (ပလပ်စတစ်ပုံးအပါ) (၁)အိမ်ထောင်စာနှင့် Family Kit(၁)ပုံးတို့အား (၅-၃-၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီအချိန်၌ ဝေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #ha_fir #bgo_mar2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပြန်လည်လွှဲပြောင်းပေးခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည့် အစီအမံများ ရေးဆွဲဖော်ထုတ်ရေးဆိုင်ရာ ညှိနှိုင်းစည်းအဝေးကျင်းပမှုသတင်း
မတ်လ ၄၊ နေပြည်တော် တစ်ဖက်နိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများကို တစ်ဖက်နိုင်ငံမှ ဖမ်းဆီး၍ မိမိင်ငံအတွင်း ပြန်လည်ပို့ဆောင်မှုများအပေါ်ဆောင်ရွက်သင့်သည့် အစီအမံများ ရေးဆွဲဖော်ထုတ်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးစကား ပြောကြားခဲ့ ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးစကားပြောကြားရာတွင် တစ်ဖက်နိုင်ငံ၌ သွားရောက်အလုပ် လုပ်ကိုင် နေသည့် မိမိတို့နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ မိမိတို့နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့်အခါ ပြန်လည် လက်ခံရေးအတွက် အစီအမံများဖော်ထုတ်နိုင်ရန် ယခုလို … Read more
-
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ မသန်စွမ်းမှုစစ်တမ်းကောက်ယူရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေး ကျင်းပမှုသတင်း
နေပြည်တော်၊ မတ် (၄) မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ မသန်စွမ်းမှု စစ်တမ်းကောက်ယူရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ အမှာစကားပြောကြားရာတွင် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းသည် မသန်စွမ်းမှုတစ်မျိုးမျိုးဖြင့် ကြုံတွေ့နေရပြီး မသန်စွမ်းဖြစ်ပွားမှုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပို၍မြင့်မားသည်ကို တွေ့ရှိရပါကြောင်း၊ မသန်စွမ်းမှုဆိုင်ရာ ကိန်းဂဏန် းအချက်အလက်များ မှန်မှန်ကန်ကန်ရရှိရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေအများအရ မသန်စွမ်းသူများ လူဦးရေစာရင်းနှင့် … Read more









