မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

6_Pic_01

 

(၅-၃-၂၀၁၉)ရက်နေ့၊ စစ်တွေမြို့နယ်၊ မင်းဂံရပ်ကွက်၊ ကန်တော်ကြီးအကွက်(၅)တွင် ညသန်ခေါင်ယံကျော်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃)ဦး အတွက် ဆန်ရိက္ခာ(၇) ရက် စာဖိုး (၆၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀) ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါ သည်။

#ha_fir

#rke_mar2019

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events