လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ သစ်စက်ရပ်ကွက်၊ မဟာသန္တိသုခဓမ္မာရုံ၌ (၅-၃-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်မှ(၁၂း၃၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ ဗီနိုင်း ပိုစတာများပေးအပ်ခြင်းတို့ပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၁၂၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။
#ar
#bgo_mar2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)