လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအို ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၂-၂၀၁၉) ရက်နေ့၌ ပူတာအိုမြို့နယ်၊ တုံလီထုရပ်ကွက်တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၁) စုရှိ လူဦးရေ(၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၄,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄,၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊အား (၅-၃-၂၀၁၉)ရက်နေ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#kcn_mar2019
Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး(ဘစမ)