မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

5 pic 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကြိမ်ကုန်းကြီးကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာတွင် (၄-၃-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သောအိမ်ခြေ (၆) လုံးနှင့် လူဦးရေ (၂၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၁၆) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁,၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၂,၅၀၀)ကျပ်၊ စုစုပေါင်း (၁၁,၅၂,၅၀၀)ကျပ်တို့အား (၅-၃-၂၀၁၉)ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #ayy_mar2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events