Category Archives: News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ရှားခဲကျေးရွာအုပ်စု၊ မဲဇလီကွင်းကျေးရွာ၌ (၉-၃-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(သစ်အိမ်) (၁) လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စုစာ၊ care myanmar ပလတ်စတစ်ဖျာ(၁)ချပ်တို့အား ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
လေဘေးကြိုတင်ပြင်ဆင်ရေးအတွက်လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၁၉)ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း၌ လူစည်းကားသောဈေးနှင့် ကားဂိတ်များတွင်လည်းကောင်း၊ မတ်လ၊ဧပြီလနှင့်မေလများတွင် ဖြစ်ပွား လေ့ရှိသော လေဘေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတစ်ဆင့် ကျေးရွာအုပ်စု (၄၂)အုပ်စုတို့အား လည်းကောင်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar #sgg _mar2019
-
ဘိုကလေးမြို့နယ်တွင် ဆောက်လုပ်လျက်ရှိသော Multi purpose shelter (၂) လုံး၏ ၂၅% လုပ်ငန်းပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀ – ၃ – ၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ မြစ်ပိုးကျုံစိန်ကျေးရွာတွင် တာဝန်ယူဆောက်လုပ်နေသော Apex Partner Coနှင့် ကြိမ်ချောင်းကြီးကျေးရွာတွင် တာဝန်ယူဆောက်လုပ်နေသော ဥဒေါင်းနေခြည်ကုမ္ပဏီတို့၏ Multi purpose shelter (၂) လုံးမှ ၂၅% လုပ်ငန်းပြီးစီးမှုအခြေအနေအား ဘိုကလေးမြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များနှင့် အတူ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များကို ကျေးရွာပြည်သူများဖြန့်ဝေပေးနိုင်ရေးပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_otr #ayy_mar2019 Source – ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ ဆင်ကကျေးရွာ၌် (၁၀-၃-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀၅,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၄၀၅,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၁၃) စုစာတို့အား (၁၁-၃-၂၀၁၉) ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် အထွေထွေ … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း (လူငယ်) သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝလျော့ပါးရေးစေတနာ့ ဝန်ထမ်း (လူငယ်) သင်တန်းအား (၁၁-၃-၂၀၁၉) ရက်နေ့မှ(၁၃-၃-၂၀၁၉) ရက်နေ့အထိ ကရင်ပြည်နယ်၊ လှိုင်းဘ့ွဲ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ လှိုင်းဘွဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား/သူများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် သင်တန်းကာလ (၃) ရက်တာဖြင့် … Read more
-
သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံး ရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါပိုရှေ့ကျေးရွာသို့ ရေဂါလံ (၃၀၀၀) ဆန့် ရေသယ်ယာဉ် (၁) စီးအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_mar2019
-
လှိုင်သာယာမြိုနယ်ရှိမီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၉-၃-၂၀၁၉)ရက်နေ့(၁ရး၁၅)နာရီချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာအုပ်စု ၊ ပန်းလှိုင် ဂေါက်ကွင်းပတ်လမ်းရှိ လန်းဆန်းကုန်ခြောက်ဆိုင်တွင် ဝရိန်မီးပွားကျရာမှ တဆင့် စက်သုံး ဆီပေါ်မီးကူးစက်၍ မီးလောင် မှုဖြစ်ပွားခဲ့ရာ ကျူးကျော်တဲ (၁၀၀)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁၀၆)မှ လူဦးရေ(၄၂၂)ဦးတို့ မီးဘေးသင့်ခဲ့ပြီး ဘေးသင့်ပြည်သူများအား အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသဖြင့် (၁၀-၃-၂၀၁၉)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁၀၆)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေကျပ်(၈,၈၆,၂၀၀) ကျပ်နှင့် မီးဘေးသင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ (၆)ဦး (ကျား-၁၊ မ-၅) … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် သီပေါမြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ ရောက်ရှိလာသော အိမ်ထောင်စု (၃၅၉)စုအ တွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးပါ (၃၅၉)ပုံး၊ လူဦးရေ (၁၄၆၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၃,၀၇၈,၆၀၀) ကျပ်အား (၈-၃-၂၀၁၉)ရက်နေ့(၁ရး၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဘေး/စီမံ ပြည်နယ်ဦးစီးမှူးတို့နှင့်အတူ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ #ha_otr #shn_mar2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်မှုသတင်း
မတ်လ ၁၀၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် (စမ်းချောင်းသာကွင်း)၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် Project K မှ အဖွင့်သီချင်းဖြင့် ဖျော်ဖြေခဲ့ပါသည်။ ထို့နောက် ဂုဏ်ပြု အမှာစကားကို ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို နိုင်ငံတော်အဆင့်လုပ်ငန်း ယန္တားရားကြီးတစ်ခုအဖြစ်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် လိုအပ်သော မူဝါဒများ၊ ဥပဒေများ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်အတွင်း လူမှုဖွံ့ဖြိုးရေးလုပ်ငန်များဆောင်ရွက်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း (၃လ) ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ချက်များ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခြင်းတို့ကို ဆောင်ရွက်မှု
မတ်လ ၁၀၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ယနေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်လူငယ် သင်တန်း ကျောင်းကို သွားရောက်ကြည့်ရှုခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို အားပေးထောက်ပံ့ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း (၃လ) ဖွင့်လှစ် နိုင်ရေးဆောင်ရွက်ချက်များ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန် တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ သန်လျင်လူငယ် သင်တန်းကျောင်းသို့ ရောက်ရှိကြပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် … Read more









