သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း (လူငယ်) သင်တန်းဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝလျော့ပါးရေးစေတနာ့ ဝန်ထမ်း (လူငယ်) သင်တန်းအား (၁၁-၃-၂၀၁၉) ရက်နေ့မှ(၁၃-၃-၂၀၁၉) ရက်နေ့အထိ ကရင်ပြည်နယ်၊ လှိုင်းဘ့ွဲ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ လှိုင်းဘွဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား/သူများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် သင်တန်းကာလ (၃) ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#krn_mar2019

Sign Up

Upcoming Events