လှိုင်သာယာမြိုနယ်ရှိမီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

11_Pic_01

(၉-၃-၂၀၁၉)ရက်နေ့(၁ရး၁၅)နာရီချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာအုပ်စု ၊ ပန်းလှိုင် ဂေါက်ကွင်းပတ်လမ်းရှိ လန်းဆန်းကုန်ခြောက်ဆိုင်တွင် ဝရိန်မီးပွားကျရာမှ တဆင့် စက်သုံး ဆီပေါ်မီးကူးစက်၍ မီးလောင် မှုဖြစ်ပွားခဲ့ရာ ကျူးကျော်တဲ (၁၀၀)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁၀၆)မှ လူဦးရေ(၄၂၂)ဦးတို့ မီးဘေးသင့်ခဲ့ပြီး ဘေးသင့်ပြည်သူများအား အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသဖြင့် (၁၀-၃-၂၀၁၉)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁၀၆)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေကျပ်(၈,၈၆,၂၀၀) ကျပ်နှင့် မီးဘေးသင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ (၆)ဦး (ကျား-၁၊ မ-၅) အတွက် ထောက်ပံ့ငွေအဖြစ် (၁)ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀) ကျပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပစ္စည်းများဖြစ်သော ဒန်အိုး (၁၀၀)လုံး၊ ထမင်းအုပ် (၉) အုပ်၊ စောင် (၂၂၃) ထည်၊ လက်ကိုင်ဒယ်အိုး(၈)လုံး၊ စတီးပန်ကန်ပြား(၂၀၀)ချပ်၊ Tissue (၉)ထုပ်၊ ရေသန့်(၅၀)ကဒ်နှင့် အလှူပစ္စည်း များဖြစ်သော ဆီ(၅ ပိဿာ) (၉)ပုံး၊ အဝတ်အထည် (၄၀)အိတ်နှင့် ရေသန့်(၅ လီတာ) (၂၉)ဗူး ၊ ရေသန့်ကဒ် (၂၅) ကဒ်တို့အား ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ မြို့နယ်အုပ်ချုပ်ရေး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ  သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

#ha_fir

#ygn_mar2019

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events