
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀ – ၃ – ၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ မြစ်ပိုးကျုံစိန်ကျေးရွာတွင် တာဝန်ယူဆောက်လုပ်နေသော Apex Partner Coနှင့် ကြိမ်ချောင်းကြီးကျေးရွာတွင် တာဝန်ယူဆောက်လုပ်နေသော ဥဒေါင်းနေခြည်ကုမ္ပဏီတို့၏ Multi purpose shelter (၂) လုံးမှ ၂၅% လုပ်ငန်းပြီးစီးမှုအခြေအနေအား ဘိုကလေးမြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များနှင့် အတူ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များကို ကျေးရွာပြည်သူများဖြန့်ဝေပေးနိုင်ရေးပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_otr #ayy_mar2019 Source – ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)