လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၁၉)ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း၌ လူစည်းကားသောဈေးနှင့် ကားဂိတ်များတွင်လည်းကောင်း၊ မတ်လ၊ဧပြီလနှင့်မေလများတွင် ဖြစ်ပွား လေ့ရှိသော လေဘေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတစ်ဆင့် ကျေးရွာအုပ်စု (၄၂)အုပ်စုတို့အား လည်းကောင်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
# ar
#sgg _mar2019