Category Archives: News
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာ၊တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၆)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(၁၆)စုစာ၊ လူဦးရေ (၆၆) ဦးအတွက် ဆန်ရိက္ခာ (၁)လစာ ထောက်ပံ့ငွေ (၅၉၄,၀၀၀) ကျပ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်(၁၄၇)စု၊ လူဦးရေ(၆၄၅)ဦး အတွက်ဆန်ရိက္ခာ (၁)လစာဖိုး ထောက်ပံ့ရန် ကျန်ရှိသောထောက်ပံ့ငွေ(၄,၄၅၀,၅၀၀)ကျပ်တိတိတို့ကို(၂၈-၃-၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_mar2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၉) ရက်နေ့တွင် လောင်းလုံးမြို့၊ မောင်းမကန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ယခုအချိန်ကာလအတွင်းဖြစ်ပေါ်နိုင်သည့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးပြည်သူများသို့ပန်ုကြားချက် လက်ကမ်းစာစောင်များနှင့် မီးဘေး၊ မိုးကြိုးဘေး၊ လက်ကမ်းစာစောင်များအား ပြည်သူများအသိပညာရရှိစေရေးအတွက် ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ar #tny_mar2019 Source: တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ (၆၃၆)ဦးအတွက် စားရိက္ခာ (၁၄) ရက်စာ ဆန် (၉၂)အိတ် (၁၈)ပြည်၊ ဆီ (၁၁၁.၃)ပိသာ၊ ဆား (၂၂.၂၆)ပိသာ၊ ပဲ (၄၄၅.၂) ပိသာ၊ ဝရကျွန်းကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ (၂၇၅)ဦးအတွက် စားရိက္ခာ (၁၄)ရက်စာ ဆန် (၄၀)အိတ် (၂) ပြည် (၄)ဘူး၊ ဆီ(၄၈.၁၂၅)ပိသာ၊ ဆား (၉.၆၂၅)ပိသာ၊ ပဲ (၁၉၂.၅)ပိသာနှင့် ဆေးအိုးကျကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ (၁၀၄)ဦးအတွက် စားရိက္ခာ (၁၄)ရက်စာ ဆန်(၁၅)အိတ် (၄) ပြည်၊ … Read more
-
လေပြင်ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၉) ရက်နေ့တွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးနှင့် စပ်လျဉ်း၍ အသိပညာပေးနိုင်ရန် ရည်ရွယ်ပြီး လေပြင်းဘေးကာကွယ်ရေးပြည်သူများသို့ပန်ကြားချက် လက်ကမ်းစာစောင်များအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၁၆၀) ဦးထံသို့ ဖြန့်ဝေပေးခဲ့ပြီး သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်းအားဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #ayy_mar2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကျေးရွာများတွင် လေဘေးကြိုတင်ကာကွယ်ရေး စီမံချက်လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၂၉-၃-၂၀၁၉)ရက်နေ့၌ ပွင့်ဖြူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာတွင် လေဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင် ရေးအတွက် လေဘေးအန္တရာယ်ကြိုတင် ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များ ဖြစ်စေရေးအတွက် ကျေးရွာနေပြည်သူများ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #mgy_mar2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ အုပ်စု၊ ပိန္နဲကုန်း ကျေးရွာတွင် (၂၂-၃-၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်အား (၂၈-၃-၂၀၁၉) ရက်နေ့တွင် ကျောက်မဲမြို့နယ် အုပ်ချုပ် ရေးမှူးနှင့်အတူ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #shn_mar2019 Source: ကျောက်မဲခရိုင်ဦးစီမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၉) နေ့ ကြံခင်းမြို့နယ် ၊ ရေလယ်ကျွန်း ကျေးရွာအုပ်စု (အထက်ကုန်း၊ တဲတန်း) ကျေးရွာတို့တွင် (၂၁-၃-၂၀၁၉) ရက်နေ့မှ (၂၅-၃-၂၀၁၉) ရက်နေ့ထိ ဖြစ်ပွားသော ကမ်းပြိုရွှေ့ပြောင်း အိမ်ခြေ (၄၅) လုံးအတွက်- (၈၃၂၉၅၀) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး- (၄၅)အိမ်ထောင်စာနှင့် ပလတ်စတစ်ဖျာ (၄၅) ချပ်ကိုလည်းကောင်း အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၀၆၆၀၀) ကျပ်၊ ငွေနှင့် … Read more
-
သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈-၃-၂၀၁၉)ရက်နေ့ (၁၁:၀၀) နာရီ အချိန်မှ (၁၂:၂၀)နာရီအချိန်အထိ မအူပင်မြို့နယ် လေးအိမ်စုကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောဆွေးနွေးပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ရာ ကျေးရွာသူ/သား (၉၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_mar2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များနှင့် လူငယ် ရေးရာမူဝါဒဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုသတင်း
မတ်လ ၂၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဒေါ်နော်ပွယ်စေးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ အဖွဲ့အစည်းအသီးသီးက လူငယ်များနှင့်တွေ့ဆုံ၍ လူငယ်ရေးရာမူဝါဒ ဆိုင်ရာကိစ္စများကို တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် မြို့နယ်၊ ပုဇွန်မြောင်းစံပြကျေးရွာ၌ ပညာရေး၊ ကျန်းမာရေးကိစ္စများတွင် အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ပန်းငွေရုံတောရဆရာတော် ဘဒ္ဒန္တသုမနာဘိဝံသ၏ သက်တော် (၈၆) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအလှူအဖြစ် ကျေးလက်ကျန်းမာရေးဌာန ဆောက်လုပ် … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးလျှက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါတထောကျေးရွာသို့ (၂၅-၃-၂၀၁၉)ရက်နေ့တွင် ရေဂါလံ(၃၀၀၀) ဆန့် ရေသယ် ယာဉ် (၁) စီး သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ #kyh_mar2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









